Thursday, June 5, 2008

]]ကဲ .. အဲဒါပဲကြည့်။ ငါ့နာမည်ကိုတောင် ... နင် မသိပါလား ... ငါထပ်ပြောစရာ မရှိတော့ပါဘူး}} ကျွန်တော် ခေါင်းခါလိုက်သည်။ နှလုံးသား၏ အနာကို ကုစားရန် လှည့်တွေးလိုက်မိသည်။ အတန်းသားပေါင်း ရာချီရှိသော ကျောင်းတွင် အခန်းချင်းမတူသော လူတစ်ယောက်၏ နာမည်ကို သူမ ဘယ်မှာသိနိုင်ပါမည်လဲ။

]]နင်ဟာလေ။ ၀မ်းနည်းစရာ မဟုတ်တာကို ကြံဖန် ၀မ်းနည်းတယ်}} သင်ဇာက တိုးတိုးလေး ပြောလိုက်ရင်း ကျွန်တော့်ကို ဖက်နမ်းပြန်သည်။ သူမကို ပွေ့ဖက်ပြီး အားရပါးရ ညှစ်ပစ်လိုက်ချင်သော ကျနော့်လက်များကို အတင်းချုပ်ထိန်းရင်း ကျွန်တော့်ကိုယ်ကို နောက်သို့ဆုတ်လိုက်သည်။

]]မနက်ဖြန် ကျောင်းမှာ တွေ့ကြတာပေါ့}}

]]နင်သွားတော့မလို့လားဟင်}}

]]ငါသွားမှ ဖြစ်တော့မယ် ... ဆက်နေရင် ငါတို့ ၂ ယောက်လုံး နစ်မွန်းသွားလိမ့်မယ်}}

သင်ဇာက စိတ်ဆိုးသွားဟန်ဖြင့် ]]နင်သွားရင် နောက်ထပ်တစ်ယောက် ရှာမယ်။ ဒွန်းကို ငါ့ဆီ ခေါ်လိုက်ရမလား}}

]]သင်ဇာ ... မလုပ်နဲ့။ နင်မူးနေတယ်။ သိလား။ အရက်မူးနေတာ။ နင်အဲသည်လို မလုပ်ပါဘူးလို့ ငါ့ကိုကတိပေး}}

]]အံမာ ... ဘာလို့ငါက ကတိပေးရမှာလဲ}}

]]နင်သာ အဲသည်လို လျှောက်လုပ်ရင် ငါရင်ကွဲမှာပေါ့။ ငါ့စကားကို နားထောင်ပါ။ နင်သာ တစ်ခုခု ဖြစ်သွားရင်တော့ ငါ .. ငါလေ ...}}

သင်ဇာငြိမ်သွားသည်။ အတန်ကြာမှ ခေါင်းမော့လာပြီး ]]အေး .. ငါကတိပေးပါတယ်။ နင့်နာမည်ကို သတိမရတာ ငါ့ကို ခွင့်လွှတ်ပါဟာ}}

လေးပင်စွာဖြင့် ကျနော် ပြန်ပြောလိုက်သည်။ ]]အေးပါ ... ငါနားလည်ပါတယ်။ ... သွားလိုက်ဦးမယ်ဟာ}}အခန်း (၂) ပြဿနာ၏ အစ

]]သောက်ရူး}} ကျနော့်ပါးစပ်မှ လွှတ်ကနဲ ထွက်သွားသည်။

]]ဟေ}} ဆြာကျန်ကလဲ လွှတ်ကနဲ ပြန်ပြောသည်။

]]ကန်တော့ဆရာ။ ကျနော် ဆရာ့ကို ပြောတာ မဟုတ်ပါဘူး}} ကမန်းကတန်း တောင်းပန်ုလိုက်ရသည်။ ဆရာဘော့ကျန်ဆိုသည်မှာ အသင်အပြ ကောင်းသော ဆရာတစ်ဦး ဖြစ်ပါသည်။ သို့သော်လည်း ယနေ့တွင်ကား ဆရာသင်သမျှစာများသည် ကျနော့်ခေါင်းထဲ မ၀င်ပါ။ ကျနော့်မျက်စေ့ထဲတွင် မနေ့က သင်ဇာ့ နှုတ်ခမ်းများကိုသာ မြင်ယောင်နေပါသည်။ ပိုဆိုးသည်မှာ လက်ဖက်ရည်ဆိုင်ထိုင်ရင်း ရင်ဖွင့်ရန် အဆင်မပြေခြင်းပင် ဖြစ်ပါတော့သည်။ ပြောရင်လဲ ကျနော့်ကို သူတော်ကောင်းဟု မည်သူမျှ ထင်မည် မဟုတ်ပါ။ ကြောင်သူတော်၊ သွားနာနေတဲ့ ကျားဟု အထင်ခံရမည်မှာ သေချာနေပါသည်။ ပန်းသေနေသည်ဟု အထင်ခံရပါက အဆိုးဆုံး ဖြစ်လိမ့်မည်။

မုန့်စားဆင်းသောအခါ ဆြာကျန်က ကျနော့်ကို ဘုကြည့်ကြည့်ကာ ထွက်သွားသည်။ ]]ဆောရီးပါ ဆရာ}} ဟု တောင်းပန်လိုက်သော်လည်း အခဲကျေပုံ မရ။ စိတ်ညစ်နေသည့်ကြားမှ သည်အချိန်ဆိုရင် သင်ဇာတော့ အိမ်သာသွားတက်လောက်ပြီဟု မဆီမဆိုင် တွေးလိုက်မိသည်။ ကင်တင်းသို့ (မုန့်ဈေးတန်း) ခပ်မြန်မြန် လျှောက်လာလိုက်သည်။ ထမင်းကြော်တစ်ပွဲကို ခပ်သုတ်သုတ်စားပြီး သင်ဇာရောက်မလာမီ အခန်းထဲ ပြန်သွားလိုသည်။

ကျနော် ထမင်းကြော်ကို နင်မတတ် အတင်းထိုးသွတ်ကာ စားနေစဉ် ကျနော့်သူငယ်ချင်းများက ငေးကြည့်နေကြသည်။ ကျနော် ဘာမျှ ပြန်မဖြေသောအခါ သူတို့အားလုံး ပုခုံးတွန့်ကာ လက်လျှော့လိုက်ရသည်။ သူတို့၏ ထိုးစစ် ကျဆုံးသွားသဖြင့် ကျနော် ပျော်သွားမိသည်။ သို့သော် ...

ကျနော့်ထမင်းပွဲ တစ်ဝက်မျှ မကုန်မီ စားပွဲရှေ့သို့ ခြေထောက်ကလေး ၂ ဖက်ရောက်လာသည်။

]]သင်ဇာ}}

ကျနော့် သူငယ်ချင်း ၂ ယောက်ဖြစ်သော တရုတ်လေးနှင့် ၀ိုင်းစုတို့ ကြောင်အမ်းအမ်း ဖြစ်သွားကြသည်။ ၀ိုင်းစုက ခပ်မြန်မြန် ပြုံးလိုက်ကာ ]]ဟယ် သင်ဇာပါလား}}

သင်ဇာက ]]ငါနင်တို့နဲ့ ထိုင်လို့ ဖြစ်မလား}}

တရုတ်လေးက ]]ဖြစ်တာပေါ့ .. အရမ်းဖြစ် .. သိပ်ဖြစ် .. လာလာ ကိုတရုတ်ထိုင်ထားတဲ့ နေရာကိုလာ။ ဟိုဖက်က ဖုန်တွေနဲ့}}

သင်ဇာမမြင်အောင် ကိုယ်ဖြင့်ကွယ်လိုက်ပြီး ၀ိုင်းစု၏ လက်တစ်ဖက်က တရုတ်လေး၏ ပေါင်ကို လိမ်ဆွဲလိုက်သည်။ မျက်နှာကမူ ပြုံးရွှင်စွာဖြင့်
]]သင်ဇာ .. နင့်သူငယ်ချင်းတွေနဲ့ ဘာဖြစ်လို့လဲ}}ကျနော်က စဉ်းစဉ်းစားစားဖြင့် ]]သင်ဇာ .. ငါတို့က သာမန်လူတွေပါ။ နင့်လို နာမည်ကြီး မဟုတ် ...}}

ထုံးစံအတိုင်းပင် သင်ဇာက ဖြတ်ပြောလိုက်သည်။ ]]ငါသာ နင်နဲ့ တွဲလိုက်ရင် နင်လဲ နာမည်ကြီး ဖြစ်သွားမှာပဲ ... ဟော့ရော့}}

]]ဝေး .. နင်ငါ့နာမည် သိသွားပကိုး}}

]]အရင်ကတည်းက သိပါတယ်}}

တရုတ်လေးက ]]၀ိုင်းစုရေ ... ကိုယ်တော့ ဘာမှ နားမလည်ဘူးကွာ}}

ဝိုင်းစုခံသိန်းကလဲ (အဲလေ ယောင်လို့ ၀ိုင်းစုခိုင်သိန်း) ]]ကိုဟော့ရော့ကြီးက လျိုထားတာပဲ}}

]]ဟယ် နင်တို့ကို သူဘာမှ မပြောပြဘူးလား}} သင်ဇာက မျက်လုံးလေးဝိုင်းပြီး မေးသည်။

စကားမမှားရလေအောင် သေချာစဉ်းစားပြီး ကျနော်က ပြန်မေးလိုက်သည်။ ]]ဘာကိုပြောရမှာလဲ}}

]]ပြောစမ်းပါဦး ... နင်တို့ဘာတွေ ပြောနေတာလဲ}} ၀ိုင်းစုက စကားလမ်းကြောင်း မပျောက်အောင် ပြန်ကောက်သည်။

သင်ဇာက ]]ဒီလိုလေ။ မနေ့က ဟော့ရော့က ငါ့ဆီရောက်လာတယ်။ ကျူရှင်စာအုပ်တွေ လာပို့တာ}}

No comments: