Thursday, June 5, 2008

]]အင်း .. ဟုတ်ပြီကွ}} စိတ်ထဲမှ တွေးရင်း ကံကြမ္ပာဆိုးအတွက် အားတင်းထားလိုက်သည်။

ဆြာကျန်က ]]ပြောကြတာတော့ ဟိုဖက်က ရန်စဖြစ်တဲ့ ကောင်လေးက သူ့ရဲ့ ကောင်မလေးကို ဦးရဲ့ သားက လု ... လု ...}}

ကျွန်တော်က အထစ်ထစ် အငေါ့ငေါ့ဖြင့် ]]မ ... မဟုတ်}}

အဖေက ပေါက်ကွဲတော့သည်။ ]]မိန်းမကိစ္စ .. ဟုတ်လား။ မိန်းမအတွက်နဲ့ ရန်ဖြစ်တယ်။ ကောင်းကွာ}}အဖေ့တုန်းကတော့ အမေ့အတွက် ရန်ဖြစ်ခဲ့သေးတာပဲ။ မကျေမနပ်ဖြင့် ကျွန်တော် တွေးလိုက်မိသည်။ ထုတ်တော့မပြောရဲ။ ဆြာကျန်က ကျနော့်အား ကယ်တင်လိုက်သည်။ ]]ကာယကံရှင် ကောင်မလေးကို မေးကြည့်တော့ ဦးရဲ့သားက ဘာမှ မပတ်သက်ပါဘူးလို့ ပြောပါတယ်ခင်ဗျ။}}

]]ဟူး ... တော်ပါသေးရဲ့}} ကျွန်တော် သက်ပြင်းချလိုက်သည်။

အတန်ကြာသောအခါ အဖေက ]]ကဲ ... ဟုတ်ပါပြီဗျာ။ ကျွန်တော့်သားက ဘာမှ မမှားဘူး။ ဘာမှလည်း မဆိုင်ဘူးဆိုရင် ကျွန်တော့်ကို ဘာလို့ ခေါ်ရသလဲ}}

ဆြာကျန်က ပြုံးလိုက်ပြီး ]]ကျောင်းစည်းကမ်းပါခင်ဗျ။ ဘာကြောင့်ပဲ ဖြစ်ဖြစ် ရန်ဖြစ်ခဲ့ရင် မိဘကို ခေါ်တွေ့ပါတယ်။}}

ထိုနေ့ညရော နောက်တစ်နေ့မနက်ပါ ကျွန်တော့်အား အဖေ စကားမပြောပါ။ ဤသို့ဖြင့် စနေနေ့သို့ရောက်လာတော့သည်။ ခြံထဲတွင် မြက်ရှင်း၊ ရေခပ်၊ သစ်ပင်ရေလောင်း၊ ထင်းခွဲ စသဖြင့် အိမ်အလုပ်များကို လုပ်ပြီးနောက် ပင်ပန်းဆင်းရဲစွာဖြင့် ကျွန်တော် ည ၈ နာရီတွင် အိပ်ပျော်သွားပါသည်။ သို့သော် မကြာလိုက်ပါ။ ည ၁၁ နာရီတွင် ဖုန်းမြည်သံကြားရသည်တွင် လန့်နိုးလာရ၏။ ကမန်းကတန်း ထကာ ဖုန်းကိုင်လိုက်ရသည်။ မောမောဖြင့် အိပ်နေလောက်ပြီ ဖြစ်သော အဖေ့ကို မနိုးစေချင်ပါ။

]]ဘယ်သူပါလိမ့်}}

]]အပြင်ထွက်ခဲ့}} တစ်ဖက်မှ ပြောပြီးပြီးချင်း ဖုန်းချသွားသည်။ ထိုအသံကို ကြားလိုက်ရသည်တွင် ကျနော့်သွေးများ အေးစက်သွားတော့သည်။ ကမန်းကတန်း အိမ်တံခါးကို ဖွင့်လိုက်ကာ အပြင်ထွက်လိုက်သည်။

]]သင်ဇာ ... နင် ... ဘာလာလုပ်တာလဲ}}

]]တောင်းပန်မလို့ပါဟာ။ အဲသည်နေ့က ကင်တင်းမှာ နင်နဲ့အတူ ထိုင်လိုက်မိလို့ အခုလို ဖြစ်သွားရတာပါ။}}

]]အဟဲ ... မလိုပါဘူး။ နင်နဲ့ငါ ဘာမှ မဟုတ်ကြောင်းကို နင်ပြောပြတာပဲလေ}}

]]ဘာပဲပြောပြော ကျောင်းမှာတော့ နင်နာမည်ကြီးသွားပြီ}} သဇင်က ခပ်သော့သော့ ပြောလိုက်ပြီး ရယ်နေသည်။ အလှနတ်သမီး ၃ ယောက်၏ အချိုးကျလှပသော ကိုယ်လုံးကိုယ်ပေါက်များကို ကျွန်တော် နှိုင်းယှဉ်ကြည့်နေမိသည်။

သင်ဇာက ]]ချမ်းတယ်ဟာ}}

]]နင်တို့ကို အိမ်ထဲ ခေါ်သင့်ပါတယ်။ ဒါပေမယ့် ငါ့အဖေက ငါ့ကို သိပ်မကြည်ဘူးဟ ... အဲဒါကြောင့်ပါ။}}

No comments: