Sunday, June 8, 2008

ကိုထွဋ်ခေါင်သို့ အမှတ်တရ(၃) အိမ်အပြန်လမ်း

ပုသိမ်-မော်လမြိုင် ရထားကဖြစ်ချင်တော့ရထားလမ်းပျက်သွားတယ်။ ဒါနဲ့ပဲ ကားကိုရွေးလိုက်ရတယ်။ ]ယောက်ျားဘသား} ဆိုတဲ့ကုန်ကားလိုင်းနဲ့ပြန်ခဲ့ တယ်။

]ဘယ်လောက်ပေးရမလဲ} လို့မေးတော့ ဒရိုင်ဘာကနန္ဒာ့ကိုကြည့်ပြီးရယ်တယ်။
]လမ်းကြုံလို့တင်တာ-ငွေစကားပြောစရာလား} လို့ပြန်ဖြေတယ်။
(အဝေးပြေးကားဒရိုင်ဘာဆိုတာ ရွှေကိုမလို-ငွေကိုမလို-လူကိုသာလိုသည် ဆိုတဲ့သူမျိုးတွေပဲလေ။)

ပုံမှန် မနက်သွား-ညရောက်ခရီးဟာ နန္ဒာစီးတော့ ၁ ညအိပ်ခရီးဖြစ်သွားတယ်။ သည်တစ်ခါတော့ ၂ ဗွေဆင့်ဆွဲတာပေါ့။ သူတို့ ၂ ယောက်ကလည်းအဆန်း-တစ်ယောက်က ကတုံး၊ တစ်ယောက်ကဆံရှည်၊ နန္ဒာကတော့ ချီးဗူးနဲ့လမ်းသရဲ လို့ပဲလွယ်လွယ်ခေါ်လိုက်မယ်။

တစ်လမ်းလုံးပျင်းစရာကြီးပါပဲ။ ညရောက်တော့မှပြောစရာရှိတာမို့တန်းပြီးပြော လိုက်တော့မယ်။

No comments: