Friday, May 30, 2008

တွဲမိသလဲဆိုတာ ငါ့ကိုယ်ငါ နားမလည်ဘူး။ သူငယ်ချင်းတွေ ဘယ်လိုပဲ ပြောပြော၊ သူ့အကြောင်း မကောင်းပြောတာလို့ ငါထင်ခဲ့တယ် ... ပြီးတော့ ...}}

လေပျော့လေးဖြင့် ]]ငါနားလည်ပါတယ် သင်ဇာရယ်။ ဒါပေမယ့် အဲဒါတွေက အခုဖြစ်နေတာနဲ့ ဘာဆိုင်လို့လဲ}}

သင်ဇာက မျက်လုံးလေး ထောင့်ကပ်ကာ ]]ဘာဖြစ်လို့လဲဆိုတော့ နင်ဒီနေ့ ငါ့ကျုရှင်စာအုပ်တွေ သယ်လာပေးလို့ပေါ့}}

ကျနော့်ဖခင်သည် မိတ္တူဆိုင်ကလေး ဖွင့်ထားသဖြင့် တစ်ရပ်ကွက်လုံးရှိ ကျူရှင်စာအုပ်များကို ကျနော်က မိတ္တူကူးပေးသည်။ ဒါက လူတိုင်းသိသည့်ကိစ္စ။ ထိုဝင်ငွေသည် မများလှသော်လည်း ကျောင်းသားတစ်ယောက် အတွက်တော့ အထောက်အကူ ဖြစ်လှသည်။

လေသံခပ်မာမာဖြင့် ကျနော်ပြောလိုက်သည်။ ]]ငါပြောချင်တာ အဲဒါမဟုတ်ဘူး သင်ဇာ}}

]]ဘာလဲ ... နင့်ကို ငါနမ်းလိုက်လို့လား}} သင်ဇာက ကျနော့်ကို မျက်လုံးချင်း ဆုံကာ ကြည့်ရင်း ရဲရဲတင်းတင်းပင် ပြန်မေးသည်။

]]ဒါပေါ့ ... ဒါပေါ့။ နင်က စာအုပ်သယ်ပေးတဲ့ လူတိုင်းကို နမ်းတာပဲလား}}

]]အေးလေ ... နင့်ကို ကျေးဇူးတင်လို့ နမ်းတယ် ... ဘာဖြစ်လဲ}}

]]ဘာ ... ဘာမှမဖြစ်ပါဘူး ...}}

သင်ဇာက ခပ်ပြုံးပြုံး ဖြင့်ပင် ]]ဒါဆိုလဲ ပြီးရော}}သမိုင်းတွင် ပထမဆုံး ဘာသာပြန်စာအုပ်။ကျနော်ဘာဆက်ပြောရမှန်းမသိ။ အခုနက စဉ်းစားထားသော ပြောရန်ရှိသည့် စကားများလည်း ဘယ်ရောက်ကုန်ပြီလဲ မသိချေ။ သင်ဇာ၏ အပြုံးသည် ယောက်ျားလေးများကို ကပြောင်းကပြန် ဖြစ်စေသည်ဟု နာမည်ကြီးသည်။

ကျနော်ဘာဖြစ်နေသည်ကို သူမသိနေပါသည်။ သင်ဇာသည် ကျနော့်ကို ကစားစရာ အရုပ်တစ်ခုလို သဘောထားလေ့ရှိသည်။ တစ်ခါလောက်တော့ ကျနော်လဲ သူမအပေါ် အနိုင်ရလိုပါသည်။
]]ဟေး ... သင်ဇာ။ ငါတို့ တစ်ကျောင်းလုံးမှာ နင်အချောဆုံးပဲ။ ကောင်လေးတိုင်း နင့်ကို လိုချင်ကြတယ် ...}}

ကျနော့်စကားမဆုံးမီ သင်ဇာက ဆည်းလည်းသံလေးဖြင့် ]].. ဒါပေမယ့် နင်ကတော့ ငါ့ကို ကြည့်တောင် မကြည့်ဘူး}}

ကျနော်က သက်ပြင်းချလိုက်ပြီး ]]အဲဒါဘာဖြစ်လို့လဲဆိုတော့ ငါသိနေတယ်။ သင်ဇာ ... နံပါတ်တစ် - ဒွန်းကို နင်စိတ်ဆိုးနေတယ်။ နောက်တစ်ကြောင်းကတော့ နင်မူးနေတယ်}}

No comments: