Thursday, June 5, 2008

တရုတ်လေးက အူကြောင်ကြောင် ဖြစ်နေဆဲ။ ]]အေးလေ .. ဒီကောင် လိုက်ပို့နေကျပဲ။ နင့်ဆီမှ မဟုတ်ပါဘူး။ ငါ့ဆီလဲ လာတာပဲ။ ၀ိုင်းစုဆီလဲ သွားတာပဲ}}

ကျနော်က ပုခုံးတွန့်ကာ ]]သင်ဇာနဲ့ ငါနဲ့ စကားတွေ ပြောတယ်ကွာ}}

သင်ဇာက ]]အဲသည်တုန်းက ငါနည်းနည်း မူးနေတယ်ကွာ ...}}

တရုတ်လေးက ]]မူးနေတော့ .. မူးနေတော့ .. အင်း ... ကောင်းခန်းရောက်ပြီ}}

ကျနော်က ဇာတ်သိမ်းကို ပြောလိုက်သည်။ ]]မူးနေတော့ ငါလှည့်ပြန်လာတယ်ဟေ့။ ငါတို့ ဘာမှ မဖြစ်ဘူး။ ဟုတ်ပြီလား}}

ဝိုင်းစုက ]]တော်ပါသေးရဲ့}} ဟု ရေရွတ်သည်။ ကျနော်ကလဲ ]]တော်ပါသေးရဲ့}} လို့ ပြောလိုက်သည်။ တရုတ်လေးကတော့ ပါးစပ်ဟောင်းလောင်းဖြင့် ငေးကြည့်နေသည်။ ကျနော်က ရယ်ချလိုက်သည်။ စကားဝိုင်းလေးက စိုစိုပြည်ပြည် ဖြစ်လာချိန်တွင် သင်ဇာက ပြောချလိုက်ပြန်သည်။

]]ငါတို့နမ်းကြတယ်လေ}}]]အိုးဟိုးဟိုး ..}} တရုတ်လေး၏ အာမေဋိတ်သံ။

]]ငါတို့သွားတော့မယ်။ ထ .. တရုတ်}} ၀ိုင်းစုက မျက်နှာထားကို ပြုံးပြုံးလေး တမင်လုပ်ကာ တရုတ်လေးကို ဆွဲခေါ်သည်။

တရုတ်က မထသေးပဲ ]]အခုမှ ကောင်း ... ကောင်းခန်းရောက် .. ရောက် ...}}

ဝိုင်းစုက တရုတ်ပေါင်ကို လိမ်ဆွဲလိုက်ကာ အသံတိုးတိုးဖြင့် ကြိမ်းသည်။ ]]သူများသမီးရည်းစား ကြားထဲ နင်က ၀င်မရှုပ်နဲ့လေ။ သူတို့ဖာသာ လွတ်လွတ်လပ်လပ် ပြောကြပါစေ}}

မကျေမနပ်ဖြင့် ထသွားသော တရုတ်ကိုလိုက်ကြည့်ရင်း ကျွန်တော့်မျက်လုံးများက ဘေးဘီကို အခုမှ သတိထားမိသွားသည်။ ကင်တင်းထဲမှ လူအတော်များများ၏ မျက်လုံးက ကျနော့်ဆီ ရောက်နေပါကလား။

]]သင်ဇာ ... နင်ဘာဖြစ်လို့ သည်ဖက်ကို လာထိုင်တာတုန်း။ အရင်က နင်ထိုင်တာ ဟိုဖက်ဆိုင်ပါ}}

]]အပြောင်းအလွဲလေးပေါ့ဟယ်။ ဟိုဆိုင်မှာ ထိုင်နေတာ အမြဲဆိုတော့ ပျင်းလာပြီလေ}}

သူ့စကားကို ကျွန်တော်မယုံပါ။ ကျွန်တော်မယုံမှန်းလဲ သင်ဇာသိပါသည်။ သင်ဇာက ဆည်းလည်းသံလေးဖြင့် ရယ်ပြန်သည်။

]]မှန်မှန်ပြောစမ်းပါ သင်ဇာရယ်}}

]]နောက်ကျရင် ပြောမယ်။ အခုတော့ ငါတစ်ခု မေးပါရစေဦး။ မနေ့က နင်ပြန်သွားပြီးတော့ နောင်တတွေဘာတွေ ရသေးလား}}

]]ကွိုင်ပဲ ... မရဘူးဟေ့။ မရဘူး}}

]]အဲသည်အခွင့်အရေးမျိုး နင်နောက်တစ်ခါ ရမယ်ဆိုရင်ရော ယူမလား}}

အံ့သြတကြီးဖြင့် သင်ဇာကို ကျွန်တော်ကြည့်လိုက်မိသည်။ သူမ၏ မျက်ဝန်းညိုများ အတွင်းတွင် အဖြေကို ရှာနေမိသည်။ ]နောက်တစ်ကြိမ်ဆိုရင်တော့ နင့်ကို ငါ မလွတ်စေရဘူး သင်ဇာ} ဟု အမှန်အတိုင်း ပြောလိုက်ချင်စိတ်များ ပေါက်လာသည်။ သို့ရာတွင် ကျွန်တော့်စိတ်ကို ထိန်းချုပ်လိုက်သည်။

]]ငါ ... ငါ ... နင့်ကို ...}}

]]...}}

ထိုအချိန်တွင်ပင် ငှက်ဆိုးထိုးသံတစ်ခု ပေါ်လာသည်။
]]သင်ဇာ .. နင် ... နင် .. ဘာတွေလုပ်နေတာလဲ}}အသံရှင်ကား ဒွန်း ... ကျွန်တော်က အေးစက်စပြုနေပြီ ဖြစ်သော ထမင်းကြော်ကို ခပ်ပြီး ပါးစပ်ထဲ သွင်းလိုက်သည်။

သင်ဇာကတော့ အေးဆေးစွာပင် ]]နင်မမြင်ဘူးလား။ ငါ ဟော့ရော့နဲ့ စကားပြောနေတာလေ}}

ဒွန်းက လေသံပျော့သွားပြီး ]]သြော် ... အေး ... ငါနင်နဲ့ စကားပြောစရာ ရှိတယ်။ သွားကြရအောင်}}

]]သွားလေ။ ငါတော့ မလိုက်တော့ဘူး။ စန္ဒီမြင့်လွင်နဲ့ သွားပေါ့}}

]]ဘယ်သူ ... စန္ဒီမြင့်လွင် ... အဲဒါ ဘယ်သူလဲ}}

ဒွန်း၏ ပုံစံမှာ မင်းသားရှုံးလောက်သည်။ သိုးငယ်လေးတစ်ကောင်၊ ယုန်ငယ်လေးတစ်ကောင်အလား။

]]တာ့တာ}} သင်ဇာက အေးစိမ့်စွာ ပြန်ဖြေသည်။

]]အဲသလိုကြီးတော့ မလုပ်ပါနဲ့ သင်ဇာရယ်။ ငါရှင်းပြပါရစေဦး}}

သင်ဇာက လှည့်၍ပင် မကြည့်။ ဒွန်းက ကျွန်တော့်ဖက် လှည့်လာပြန်သည်။ ]]မင်းက ဘယ်သူလဲကွ}}

ကျွန်တော်က လက်ဝါးနှစ်ဖက်ကို ဖြန့်ကာ ]ဘာဘာ .. ဘာမှ မသိဘူး} ဆိုသော ဟန်ဖြင့် နေလိုက်သည်။ ဒွန်းက မကျေမနပ်ဖြင့် ခြေဆောင့်ကာ လှည့်ထွက်သွားတော့၏။

]]သင်ဇာ .... နင် ရရဲ့လား}}
သင်ဇာက ခေါင်းညိတ်ပြသည်။ သူမ၏ မျက်ဝန်းတွင် မျက်ရည်ကြည်လေးများ စို့နေသည်ကို တွေ့ရသော်လည်း မျက်ရည်တစ်ပေါက်မျှ ကျလာခြင်း မရှိပါ။ သင်ဇာသည် စိတ်ကို တင်းထားကြောင်း ထင်ရှားနေသည်။ စကားလုံးများ ရှားပါးနေသည်မို့ ကျွန်တော်လည်း တိတ်ဆိတ်စွာဖြင့် ထမင်းကြော် ငုံ့စားနေလိုက်သည်။

]]ဟေး သင်ဇာ}}
ထပ်ရောက်လာသူမှာကား ပရိသတ်ကြီး အသည်းကျော် မိုးလေး (ခ) မိုးဟေကို။ သူမက ကျောင်းကပွဲများတွင် နာမည်ကြီးဖြစ်သည်။
နောက်တစ်ယောက်ကလဲ သင်ဇာ့နံဘေးတွင် ၀င်ထိုင်လိုက်ကာ ]]ဒွန်းကို မင်းဖြတ်ပစ်လိုက်ပြီ ကြားတယ်။ ကောင်းတယ်ကွာ ... ငါကတော့ အားပေးတယ်။}} သူမကတော့ သဇင်ပန်းလေး အဲလေ သဇင်။ (၃ ယောက်စလုံးကို ကျွန်တော် ကြိုက်ပါသည်။ သို့သော် သင်ဇာလေးကိုတော့ အကြိုက်ဆုံးပေါ့) အားရပါးရ ငမ်းနေသော ကျွန်တော့်အား သဇင်က နှုတ်ဆက်သည်။ ]]ကဟော့ပါလား}}

No comments: