Thursday, June 5, 2008

]]ဆိုလိုရင်းကတော့ သူ့ကြောင့် ဒွန်းကို ဖြတ်လိုက်တယ်ပေါ့}}

]]အဟား ... ဟုတ်တော့နေပြီ။ ကျွန်တော် အရှုံးပေးပါတယ်ဗျား။ ကျွန်တော် သွားပါတော့မယ်}} မကုန်သေးသော ထမင်းကြော်ကို စွန့်လွှတ်လိုက်ကာ ကျွန်တော်ထိုင်ရာမှ အထတွင် သင်ဇာက ပြုံးလိုက်ပြီး ]]နာမည်ကြီး ဖြစ်ရတာ သိပ်ကောင်းတယ် မထင်ပါနဲ့}}

]]သင်ဇာ့နေရာမှာ ကျွန်တော်သာဆိုရင် သည်လူမျိုးတွေကို ကြာကြာသည်းခံနိုင်မယ် မထင်ပါဘူး}}

ကြက်မက ကတော်လိုက်ပြီးနောက် ]]သူ့ရည်းစားကို လုသွားတယ်ဆိုပြီး နင့်ကို ဒွန်းက အမှုန့်ကြိတ်ပစ်လိမ့်မယ်}}

သင်ဇာက ]]ကဟော့ရော့က ငါနဲ့ဒွန်း ပြဿနာထဲမှာ မပါပါဘူး}}

အခြေအနေကို တွက်ချက်စရာပင် မလိုပါ။ ကျွန်တော့်အနေဖြင့် လာမည့်ဘေးကို ကြည့်ရှောင်ရမည်မှာ သေချာနေပေတော့သည်။

]]သွားလိုက်ပါဦးမယ် .. သင်ဇာ၊ မမိုးလေး၊ မသဇင်။}}အခန်း (၃) ကံဆိုးခြင်းမှ ကံကောင်းခြင်းသို့

]]မင်းကွာ .. ကျောင်းမှာ ရန်ဖြစ်ရတယ်လို့ ...}}
ကျွန်တော့်ခေါင်းကို ရိုက်လိုက်ရင်း အဖေက မချိတင်ကဲ ပြောသည်။ ဆြာကျန်က လက်ဝါးကာရင်း
]]မဟုတ်သေးဘူးဦးရဲ့။ ဦးသား အမှားတော့ မဟုတ်ပါဘူး။ အဲသည်အချိန်မှာ ကျောင်းခန်းတွင်း ရှိနေတဲ့ လူတွေအားလုံးက ဟိုဖက်က ကောင်လေးတွေက စပြီး ထိုးတယ်လို့ ပြောကြပါတယ်။}}

]]ဟေ ... ဒီကောင့်အမှားမဟုတ်ရင် ခင်ဗျားက ကျုပ်ကို ဘာဖြစ်လို့ ခေါ်ရသလဲဗျ။ .. ခဏနေပါဦး ... ကောင်လေးတွေဆိုတော့ ဟိုဖက်က ဘယ်နှယောက်တောင် မို့လို့လဲ}}

]]၃ ယောက်ပါ}}

အဖေက ကျနော့်ဖက် လှည့်ကာ ]]မင်းဘာတွေ လုပ်လိုက်သလဲ}}

]]ဘာမှ သိပ်မလုပ်ပါဘူး အဖေ၊ တစ်ယောက်တော့ သွား ၂ ချောင်း ကျိုးသွားတယ်။ သူက အဆိုးဆုံးပါပဲ}}

ဆြာကျန်က ]]ခင်ဗျားသားကို သိုင်းသင်ပေးတာ ဘယ်သူလဲဗျ}}

အဖေက လျင်မြန်စွာဖြင့် ]]ကျုပ်အဖေပါ}}

ကျွန်တော်က ဖြည့်ပေးလိုက်ရသည်။ ]]အဘိုးငယ်ငယ်တုန်းက နာမည်ကြီး လက်ဝှေ့သမားလေ။ ရွှေဓူဝံရဲ့ ဆရာ ခုနစ်ဆင့်လက်သီး အဲလေ ခုနစ်စင်ကြယ် လက်သီးဆိုတာပေါ့}}
တကယ်တော့ ကျွန်တော့်ကို အဓိက လက်ဝှေ့သင်ပေးသူမှာ အဖေသာ ဖြစ်သည်။ အဖိုးက အခြေခံလောက်သာ သင်ပေးနိုင်သည်။ အဖေကတော့ အနီးကပ် သေချာကျနစွာ သင်ကြားပေးသည်။ သို့သော် လူရှေ့သူရှေ့ရောက်လျှင် ဘယ်တော့မှ ၀န်မခံတတ်။

အဖေက စကားလမ်းကြောင်း ပြန်ကောက်ကာ ]]ကဲ ... ဟုတ်ပါပြီ။ ဒီကောင် ရန်ဖြစ်တယ်။ အဲသည်တော့ ...}}

No comments: