Thursday, June 5, 2008

]]ဟယ် ... အခုမှ သတိရတယ်။ စာအုပ်မှာရဦးမှာပဲ}} မိုးလေးက ပိုက်ဆံအိတ်လေးကို ထုတ်သည်။

ကျွန်တော်က ခပ်တည်တည်ဖြင့် ]]လှလိုက်တာဗျာ}}

]]ရှင်}} မိန်းကလေး ၃ ယောက်လုံးဆီမှ အံ့သြသံထွက်လာသည်။ တစ်ဆက်တည်းပင် သင်ဇာက ]ခစ်} ကနဲရယ်လိုက်သည်။ ကျွန်တော်စကားမဆက်နိုင်မီ နောက်တစ်ယောက် ထပ်ရောက်လာသည်။ သူမ၏ နာမည်ကိုတော့ မမှတ်မိတော့ပါ။ သုံးဖြုန်းနိုင်သော အထက်တန်းလွှာထဲက ပါပဲ။ သူမက သင်ဇာ့ဆီ တန်းတန်းမတ်မတ် လျှောက်သွားရင်း
]]ယောင်းမ ... ဒွန်းနဲ့ နင် ပြတ်သွားပြီဆို}}

]]ဟုတ်တယ်။ ... နင်လိုချင်ရင် ရပြီ ယောင်းမရေ}}

]]မလုပ်ပါနဲ့ဟယ်။ ဒွန်းကိုတော့ ငါကြောက်ပါတယ်}}

အမောက်နှင့် နတ်သမီးတစ်ပါး မိုးပေါ်က ကျလာပြန်သည်။ ကျနော့်မျက်စိထဲတွင်တော့ ကြက်ဖနှင့် တူနေသည်။
]]သင်ဇာ ... ငါနင့်ကို ပြောစရာ ရှိတယ်}}

]]ပြောလေ}}

]]ဒွန်းက ပြောခိုင်းလိုက်တယ်။ စန္ဒီမြင့်လွင်နဲ့ ကိစ္စကို သူဝန်ခံပါတယ်တဲ့။ အခုပဲ ဖြတ်လိုက်ပါပြီတဲ့}}

မနေနိုင် မထိုင်နိုင် ကျွန်တော်က ၀င်ပြောမိသည်။ ]]သည်တော့ ဘာဖြစ်လဲ။ သင်ဇာက သူ့ကို ပြန်လက်ခံရမှာလား}}

]]ရှင်နဲ့ ဘာဆိုင်လို့လဲ}} ကြက်ဖနှင့်တူသော ကြက်မက ပြန်ခွပ်သည်။ ]]အံမယ် ကြည့်စမ်း ... မိန်းကလေးတောထဲမှာ သူက ထိုင်နေပါလား}}

ဗိုက်ထဲမှ တလိပ်လိပ်တက်လာသော ရယ်ချင်စိတ်ကို ထိန်းရင်း ကျွန်တော်က ]]သည်ခုံမှာ ကျုပ်အရင်ထိုင်တာဗျ။ ခင်ဗျားကသာ အခုမှ ရောက်လာပြီးတော့}}

ကြက်မက မလျှော့ပဲ ဆက်ခွပ်ပြန်သည်။ ]]အဲဒါဆိုရင် ရှင်ကြွပေတော့}}]]ဆိုးတယ်ဟေ့}} ကျွန်တော်က ဆက်မေးလိုက်သည်။ ]]တကယ်ပြောနေတာလား မရွှေချော}}

]]တကယ်ပေါ့ ... ရှင်ခုံပြောင်းထိုင်သင့်ပြီ}}

မိုးလေးက သက်ပြင်းချလိုက်ပြီး ]]မင်း ကိုဟော့ရော့ကို အဲသည်လို မပြောသင့်ဘူး}}

အားလုံးတိတ်သွားပြီး နောက်ဆုံးတွင်မှ သင်ဇာက ]]ကိုဟော့ရော့က ငါ့သူငယ်ချင်း။ ဒီခုံမှာ သူထမင်းကြော် စားနေတာ ဟိုးအရင်ကတည်းကပဲ။ မကျေနပ်ရင် မင်းထွက်သွားနိုင်တယ်}}

]]ဒါဆိုရင် ဒွန်းကို မင်းဖြတ်လိုက်တာ သူ့ကြောင့်ပေါ့။ ဟုတ်လား သင်ဇာ}}

]]ဒွန်းက ဒီဒီနဲ့ စရှုပ်တာ ... သူက အရင် သစ္စာဖောက်တာ။ ဒါကြောင့် ငါဖြတ်လိုက်တာ။ ကဟော့ရော့နဲ့ ...}}

No comments: