Monday, June 2, 2008

ကျွန်တော် လှည့်ကြည့်လိုက်တော့ အချစ်ကလေးအား အ၀တ်မပါပဲ တွေ့လိုက်ရ၏။ ကျွန်တော့်ရင်ခွင်ထဲ တိုးဝင်လာသူကလေးကို အလိုက်သင့် ပွေ့လိုက်ရင်း
]]သင်ဇာရော လိုက်မသွားဘူးလား}}

]]သင်ဇာလိုက်သွားရင် ဟောသည်က အိပ်ပုတ်ကြီး တစ်ယောက်တည်း ဖြစ်နေမှာစိုးလို့ လိုက်မသွားတာရှင့်}}

ကျွန်တော့်ရင်ခွင်ထဲမှ သင်ဇာ့ကိုယ်လုံးလေးသည် အနည်းငယ် တောင့်တင်းနေသည်ကို သတိထားလိုက်မိသည်။ ကောင်မလေး စိတ်ဆိုးနေပြီလားမသိ။ ပြာပြာသလဲဖြင့် ကျွန်တော် မေးလိုက်မိသည်။
]]သင်ဇာ ... ကိုယ့်ကို မုန်းသွားပလား}}

]]ကို ... သင်ဇာ့ကို အထင်သေးသွားသလား}} ကျွန်တော်မေးလိုက်သည်နှင့် တစ်ထပ်တည်းမှာပင် သင်ဇာကလည်း ကျွန်တော့်ကို မေးခွန်းတစ်ခု မေးသည်။

နှစ်ယောက်သား ပြိုင်တူပင် ပြုံးလိုက်မိသည်။ ကျွန်တော်က ]]ကိုယ်စိတ်ပူတာ တစ်ခုပဲ။ အဲဒါက သင်ဇာ စိတ်ခုသွားမှာကိုပါ}}

သင်ဇာက ကျွန်တော့်လက်ကို ဆုပ်လိုက်ပြီး ]]စစချင်းတုန်းကတော့ ကို့ကို အခုလို ရှဲဖို့ စိတ်မကူးပါဘူး။ သင်ဇာ စိတ်ကူးထားတာက လေးယောက်သား ပျော်ပျော်ပါးပါး စကားပြောမယ်။ ကစားကြမယ်။ ဒါလောက်ပဲ တွေးထားတာ။ အခုတော့ ...}}

]]အခုတော့ ... ဘာဖြစ်လဲသင်ဇာ ... စိတ်ရှုပ်သွားပလား}}

]]အင်း ... ရှုပ်တယ်။ ဒါပေမယ့် ကို့နဲ့ ဟိုကောင်မတွေကိုတော့ မဟုတ်ပါဘူး။ သင်ဇာ့စိတ်ကို သင်ဇာ မယုံတာ။ ဟိုတစ်နေ့ကလေးကပဲ ရည်းစားတစ်ယောက်နဲ့ ပြတ်တယ်။ အခုကျတော့ ...}}

]]အင်း ... အဲဒါတွေက ခဏနေရင် အနည်ထိုင်သွားမှာပါ}}

]]အဲသည်လိုပဲ ဖြစ်ပါစေ ကိုရယ် ... သင်ဇာ စိတ်ပူတာက ကို့ကိုချစ်မချစ် သင်ဇာ့ဖာသာ မသေချာတာပါ}}

]]ဟိုက် ... အဲသလိုတော့ မလုပ်နဲ့လေ}}

ကျွန်တော့်လေသံကြောင့် သူကလေး ခစ်ကနဲ ရယ်ရင်း ]]ဘာတွေစိုးရိမ်နေတာလဲရှင့်။ အခုဆိုရင် ရှင်ကျွန်မကို ရပြီးပြီပဲဟာကို}}]ငါပြောချင်တာ အဲဒါမဟုတ်ဘူး သင်ဇာ ... လူချင်းအတူတူနေတာက တစ်ပိုင်း၊ စိတ်ချင်း ...}}

]]အင်း ... တော်ပါတော့ သိပါပြီ။ ဟုတ်ပါတယ်။ ဒါပေမယ့် ...}}

]]ဘာဖြစ်ပြန်လို့လဲ။ ကိုယ်က နာမည်မကြီးတဲ့ အညတရမို့လား}}

]]လာပြန်ပြီ ဒီနာမည်ကိစ္စ။ နာမည်ကြီးတိုင်း မကောင်းဘူး။ တော်ပီ။ နောက်ဆိုရင် နာမည်ကြီးတဲ့လူတွေနဲ့ အပေါင်းအသင်း မလုပ်တော့ဘူး ...}}

ထို့နောက် မိန်းကလေးပီပီ အတင်းတုတ်ပါတော့သည်။ ဘယ်ကျောင်းသူက ဘယ်သူနှင့် ရည်းစားဖြစ်ဖူးကြောင်း၊ ဘယ်သူကတော့ ဘယ်ဆရာကို လာဘ်ထိုးပြီး မေးခွန်းတောင်းကြောင်း။ ပထမတော့ ကျွန်တော်က စိတ်ဝင်စားဟန်ဆောင်ပြီး နားထောင်ပေးပါသည်။ သို့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ သူကလေးက စက်သေနတ်ပစ်သလို ပြောနေသောအခါ သည်းမခံနိုင်တော့ပါ။ ဒါနှင့်ပင် ပါးစပ်သေနတ်ကို ပိတ်သွားအောင် အကြံထုတ်ရပါတော့သည်။

No comments: